back

ပြည်ပပြန်လည် ထွက်ခွာခွင့်ကို ထွက်ခွာမယ့်နေ့မှ ချပေးသလို နောက်ကျမှပေးတာတွေကြောင့် ပြည်ပမှာအလုပ်လုပ်ရသူတွေ အခက်တွေ့

Feb 11 • 2:06 AM

breaking-news

Myanmar

Local

cover

ပြည်ပပြန်လည် ထွက်ခွာခွင့်ကို ထွက်ခွာမယ့်နေ့မှ ချပေးသလို နောက်ကျမှပေးတာတွေကြောင့် ပြည်ပမှာအလုပ်လုပ်ရသူတွေ အခက်တွေ့

ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့်ပြုကြောင်း ချပေးရာမှာ ပြည်ပကို ထွက်ခွာရမယ့် နေ့ရက် ညနေပိုင်းမှာမှ အမည်စာရင်း ချပေးခြင်း ၊ ထွက်ခွာခွင့် ပြုဖို...

ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့်ပြုကြောင်း ချပေးရာမှာ ပြည်ပကို ထွက်ခွာရမယ့် နေ့ရက် ညနေပိုင်းမှာမှ အမည်စာရင်း ချပေးခြင်း ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့ အခက်ကြုံသူတွေအပြောအရ သိရပါတယ်။ အဲဒီအတွက် ပြည်ပ ထွက်ခွာမယ့်ရက် ညနေပိုင်းမှ အမည်စာရင်းချပေးခံရသူ ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးခြင်းခံရသူတွေဟာ လေယာဥ်လက်မှတ်ခတွေ ဆုံးရှူံးသလို ပြည်ပနိုင်ငံရှိ အလုပ်ရှင်ကိုလည်း တောင်းပန်ရတာတွေအထိ လုပ်နေကြရတယ်လို့ သိရပါတယ်။ " ထွက်ခွာခွင့် ပြန်ချပေးတော့ ပြန်ထွက်ဖို့ တင်ပြထားတဲ့နေ့ ညနေဘက်ကြီးမှ ချပေးတယ်။ လေယာဉ်ချိန်အများစုက မနက်ပိုင်း နေ့ခင်းပိုင်း များတော့ အဆင်မပြေတော့ဘူးလေ ။ ရက်ကို ကြိုမကျတဲ့သူတွေတွက်ဆုံးရူံးမူတွေ များနေပါပြီ။ တချို့ဆို ထွက်ဖို့တင်ထားတာ ၅ ရက်နေ့ဆိုရင် သူတို့ပြန်ချပေးတာ ၆ ရက်နေ့မှ ဖြစ်နေတယ်။ အဲဒီတော့ နောက်တခါ လေယာဥ်လက်မှတ် ထပ်ဖြတ်ရတယ်။ သူဌေးကို အကျိုးကြောင်းရှင်းပြရတယ်။ တောင်းပန်ရတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ထွက်ခွာခွင့်ပြုဖို့ရက်ကို ထည့်ပေးထားရက်နဲ့ ရက်တွေတလွဲ ပြန်ချပေးတာ အရမ်းဆိုးတယ်။ " လို့ ကိုယ်တိုင် ကြုံခဲ့ရသူ တယောက်က ပြောပါတယ် ။ ပြည်ပကို ပြန်လည်ထွက်ခွာခွင့်ပြုဖို့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို ခွင့်ပြုချက်လျှောက်တဲ့အခါ ပြည်ပထွက်ခွာမယ့် နေ့ရက်နဲ့ လေယာဥ်ကိုပါ တပါတည်း ဖော်ပြရပြီး ထွက်ခွာခွင့် ရရှိသူတွေဟာ ထွက်ခွာခွင့်ပြုတဲ့ သတ်မှတ်ရက်မှာပဲ မဖြစ်မနေ ထွက်ခွာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရက်ပြောင်းလဲပါက ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာ နောက်တကြိမ် ပြန်လည် တင်ပြရမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

25