ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည် နယ်စပ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော်တို့၏ လုံခြုံရေးတင်းကျပ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ယခင်ကထက် သိသိသာသာကျဆင်းလာနေကြောင်း သိရသည်။ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က နယ်စပ်တွင် လုံခြုံရေး တင်းကျပ်ထားတာဖြစ်ပါသည်။ထို့ကြောင့် နှစ်ဘက်ကုန်သွယ်မှု လုပ်ငန်းများမှာ သိသိသာသာ ကျဆင်းသွားကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။လက်တလောနှစ်ဘက်ကုန်သွယ်ရေးသည် အစိုးရအဆင့် တရားဝင်မဟုတ်သော်လည်း ရခိုင်ပြည်ကနေ ကဏန်း၊ ပုဇွန်၊ ဆန်၊ ကွမ်းသီး၊ ငါးခြောက်၊ သစ်စသည့် ကုန်စည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပြီး၊ ဘင်္ဂလားဒေ့ရှ်မှ စားအုန်းဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြေခံလူသုံး ကုန်ပစ္စည်းများကို ရခိုင်ဘက်သို့ ပြန်လည် တင်ပို့နေကြသည်။လက်ရှိတွင် ရခိုင်ပြည်အတွက် လိုအပ်သည့် ကုန်စည်များကို အိန္ဒိယကနေ ကုန်သွယ်ခွင့်ရနေသော်လည်း အိန္ဒိယ လမ်းကြောင်းထက် ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းကသာလျှင် အချိန်၊ လမ်းခရီးတိုတောင်းခြင်းနှင့် သွားလာရေး အဆင်ပြေ၍ ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းမှာ ပို၍ အဆင်ပြေကြောင်း ကုန်သည်များက ဆိုကြသည်။ 
Feb 11 • 2:07 AM
Myanmar
Rakhine
Share
| 21 | 0 | 0 | 0 |


