ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ နည်းပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုသည် ကျောင်းဝန်းအတွင်းရှိ ယာယီကျောင်းသားအဆောင်နှင့် စတိုဆောင်တို့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီတွင် မီးငြိမ်းသွားခဲ့သည်။ ဤဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိသော်လည်း အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
Feb 11 • 2:05 AM
Myanmar
Shan
Share
| 40 | 0 | 0 | 0 |


