back

မကွေးတိုင်း၊စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူတို့အတွင်း ကြက်သွန်နီစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိနေဟုတောင်သူများဆို

Feb 11 • 1:50 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူတို့အတွင်း ကြက်သွန်နီစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိနေဟုတောင်သူများဆို

ယခုကြက်သွန်စိုက်ရာသီအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူမြို့နယ်များတွင် ကြက်သွန်နီစိုက်ပျိုးမှုများ အဆမတန်လျော့နည်းကျဆင်းခဲ့ပြီး...

ယခုကြက်သွန်စိုက်ရာသီအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူမြို့နယ်များတွင် ကြက်သွန်နီစိုက်ပျိုးမှုများ အဆမတန်လျော့နည်းကျဆင်းခဲ့ပြီး စုစုပေါင်းစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။နယ်မြေအခြေအနေမတည်ငြိမ်မှုအပါအဝင် ပျိုးပင်ဈေးနှုန်းများမြင့်တက်ကာ ဝယ်ယူရခက်ခဲမှု ယမန်နှစ်က ထွက်ရှိခဲ့သည့် ကြက်သွန်များပင် လက်ရှိအချိန်အထိရောင်းချနိုင်ခြင်းမရှိမှု စသည့်အခက်အခဲများကြောင့် စိုက်ပျိုးမှုများ အဆမတန်ကျဆင်းခဲ့ခြင်း ဖြစ်သည်။လက်ရှိအချိန်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူမြို့နယ်များမှ ကျေးရွာအများစုမှာ နယ်မြေအခြေအနေအရ ယာယီရွှေ့ပြောင်းနေထိုင်ရခြင်းများရှိပြီး အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နိုင်မှုနည်းပါးလျက်ရှိကြောင်း တောင်သူများထံမှ ဆက်လက်သိရသည်။

news-view-count-icon

28