back

ဘန်ကောက်က Lumpini ပန်းခြံမှာ ဂျပန်စတိုင် ခွေးပန်းခြံအသစ် ဖွင့်လှစ်

Feb 11 • 1:51 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်က Lumpini ပန်းခြံမှာ ဂျပန်စတိုင် ခွေးပန်းခြံအသစ် ဖွင့်လှစ်

ဘန်ကောက်မြို့ Lumpini ပန်းခြံ အတွင်းမှာ ဂျပန်အငွေ့အသက်တွေနဲ့ ဖန်တီးထားတဲ့ ခွေးလေးတွေအတွက် ပန်းခြံသစ်တစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်။ အရင်က ကား...

ဘန်ကောက်မြို့ Lumpini ပန်းခြံ အတွင်းမှာ ဂျပန်အငွေ့အသက်တွေနဲ့ ဖန်တီးထားတဲ့ ခွေးလေးတွေအတွက် ပန်းခြံသစ်တစ်ခုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်။ အရင်က ကားပါကင်အဖြစ် ထားရှိတဲ့နေရာကို အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပိုင်ရှင်တွေ အပန်းဖြေနိုင်မယ့် နေရာအဖြစ် ပြောင်းလဲဖန်တီးလိုက်တာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်ကုန်သည်ကြီးများအသင်း (JCC) နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ခွေးပန်းခြံဟာ Witthayu လမ်းဘက်ခြမ်းမှာ ၂ ရိုင် (စတုရန်းမီတာ ၃၂၀၀ ခန့်) အကျယ်အဝန်း ရှိပါတယ်။ ဒါဟာ ဘန်ကောက်မြို့ရဲ့ ၉ ခုမြောက် တရားဝင် ခွေးပန်းခြံလည်း ဖြစ်ပါတယ်။ဖွင့်ပွဲအခမ်းအနားကို ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt နဲ့ ဂျပန်သံအမတ်ကြီး Masato Otaka တို့ တက်ရောက်ခဲ့ကြပါတယ်။ မြို့တော်ဝန်က ဒီပန်းခြံဟာ ထိုင်းနဲ့ ဂျပန်ကြားက ခိုင်မာတဲ့ ယုံကြည်မှုကို ပြသနေသလို အိမ်မွေးတိရစ္ဆာန်တွေကို မိသားစုဝင်တွေလို သဘောထားလာကြတဲ့ ပြည်သူတွေအတွက် နေရာကောင်းတစ်ခု ဖန်တီးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

news-view-count-icon

22