back

အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းတွေ (အမျိုးသား/အမျိုးသမီး) ဝင်ပြိုင်ခွင့်မရ

Feb 11 • 1:43 AM

breaking-news

Myanmar

Local

breaking-news
cover

အာရှအားကစားပြိုင်ပွဲကို မြန်မာဘောလုံးအသင်းတွေ (အမျိုးသား/အမျိုးသမီး) ဝင်ပြိုင်ခွင့်မရ

Asean Football ရဲ့ သတင်းထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ၊ အိုင်ချီပြည်နယ်၊ နာဂိုယာမြို့မှာ ကျင်းပမယ့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲတ...

Asean Football ရဲ့ သတင်းထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ၊ အိုင်ချီပြည်နယ်၊ နာဂိုယာမြို့မှာ ကျင်းပမယ့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ အာရှဖလားခြေစစ်ပွဲအောင် အသင်းတွေကိုပဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ Asean Football ရဲ့ ဖော်ပြချက်မှာတော့ အမျိုးသားဘောလုံးပြိုင်ပွဲကို ၁၆သင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၂သင်းနဲ့ ကျင်းပဖို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ အာရှအိုလံပစ်ကောင်စီ (OCA) တို့ သဘောတူခဲ့တယ်လို့ ပါရှိပါတယ်။

အမျိုးသားယူ-၂၃ဘောလုံးပြိုင်ပွဲကို အာရှယူ-၂၃ဖလားခြေစစ်ပွဲအောင် အသင်း ၁၆သင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အမျိုးသမီးအာရှဖလားခြေစစ်ပွဲအောင် ၁၂သင်းတို့ပဲ ဝင်ပြိုင်ခွင့်ရတော့မယ်လို့ Asean Football က ဖော်ပြပါတယ်။ ဒီသတင်းက အမှန်သာဆိုရင် အာရှအားကစားပြိုင်ပွဲ အမျိုးသားယူ-၂၃ဘောလုံးပြိုင်ပွဲကို အာဆီယံဒေသတွင်းက ဗီယက်နမ် နဲ့ ထိုင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဗီယက်နမ် နဲ့ ဖိလစ်ပိုင်အသင်းတွေပဲ ဝင်ပြိုင်ခွင့်ရတော့မှာပါ။ ဒီအခြေအနေအတိုင်းဆိုရင် အာရှယူ-၂၃ဖလား နဲ့ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ မအောင်တဲ့အတွက် မြန်မာ အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းတွေ အာရှအားကစားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်မရတော့မယ့် အနေအထားပါ။ လက်ရှိ အချိန်အထိတော့ ပြိုင်ပွဲကျင်းပရေးကော်မတီက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။


news-view-count-icon

41