back

ရန်ကုန်လေဆိပ်မှာ ထွက်ခွာခွင့်ပိတ်ပင် ခံရသူများပြားလာသဖြင့် ပြည်ပလေဆိပ်တွေမှာ ပိုင်ရှင်မဲ့အိတ်တွေ စုပုံနေ

Feb 11 • 1:42 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်လေဆိပ်မှာ ထွက်ခွာခွင့်ပိတ်ပင် ခံရသူများပြားလာသဖြင့် ပြည်ပလေဆိပ်တွေမှာ ပိုင်ရှင်မဲ့အိတ်တွေ စုပုံနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခွင့်ပိတ်ပင်ခံရသူ များပြားလာတာကြောင့် ပြည်ပဆိုက်ရောက်လေဆိပ်တွေရှိ Lost & Found ဌာနတွေမှာ မြန်မာနိုင်ငံသားပိုင် ခရီးဆေ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခွင့်ပိတ်ပင်ခံရသူ များပြားလာတာကြောင့် ပြည်ပဆိုက်ရောက်လေဆိပ်တွေရှိ Lost & Found ဌာနတွေမှာ မြန်မာနိုင်ငံသားပိုင် ခရီးဆောင်အိတ်များစွာ ပိုင်ရှင်မဲ့စုပုံနေတယ်လို့ သိရပါတယ်။စင်ကာပူနိုင်ငံ Changi Airport Terminal 2 ရှိ Lost & Found ရုံးခန်းအနီးမှာ မြန်မာလေကြောင်းလိုင်းတွေနဲ့ ရောက်ရှိလာပေမဲ့ လာရောက်ထုတ်ယူတာမရှိတဲ့ ခရီးဆောင်အိတ် အမြောက်အမြားကို တွေ့ရှိနေရပါတယ်။၎င်းအိတ်များမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ရက်စွဲပါရှိသော အိတ်တွေဖြစ်တယ်လို့ လေဆိပ်ဝန်ထမ်းအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။ခရီးသည်တွေဟာ လေကြောင်းလိုင်းတွေမှာ Check-in ပြုလုပ်ပြီး ဝန်စည်စလယ်တွေ အပ်နှံပြီးနောက်၊ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်သို့ ရောက်ရှိချိန်မှာ လေယာဉ်ပေါ်တက်ခွင့် တားမြစ်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ထိုသို့ လူကျန်ရစ်ခဲ့ပေမဲ့ အပ်နှံပြီးသား အိတ်များမှာ လေယာဉ်နဲ့အတူ ပြည်ပသို့ ပါသွားခဲ့တာ ဖြစ်ပါတယ်။အခုလို အိတ်တွေသာ ရောက်ပြီး လူကျန်ရစ်တဲ့ဖြစ်စဉ်တွေကြောင့် မိသားစုတွေ ထည့်ပေးလိုက်တဲ့ အသုံးအဆောင်နဲ့ အဖိုးတန်ပစ္စည်းတွေ ပြန်လည်ရရှိဖို့ ခက်ခဲတာ၊ လေယာဉ်လက်မှတ်ခ၊ ဗီဇာခနဲ့ ပြင်ဆင်မှုစရိတ်များ ဆုံးရှုံးရပါတယ်။ဒါ့အပြင် ပြည်ပနိုင်ငံမှာ အလုပ်အကိုင်နဲ့ ပညာရေးအတွက် သွားရောက်မယ့် အစီအစဉ်တွေဟာ လမ်းခုလတ်မှာ ရပ်တန့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

news-view-count-icon

30