back

ဆံတော်ရှင် မြတ်မော်တင်စွန်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက် ဖူးမြော်နိုင်ရန် ရေလမ်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်မှု ခရီးစဉ်များ စီစဉ်ပေးထား

Feb 10 • 3:38 AM

breaking-news

Myanmar

Ayeyarwady

breaking-news
cover

ဆံတော်ရှင် မြတ်မော်တင်စွန်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက် ဖူးမြော်နိုင်ရန် ရေလမ်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်မှု ခရီးစဉ်များ စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့...

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက်ဖူးမြော်နိုင်ရန်အတွက် ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များကို အဆင်ပြေအောင်စီစဉ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။အဆိုပါ ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ပြေးဆွဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ (တပေါင်းလဆန်း ၁ ရက်နေ့) မှ မတ်လ၂ ရက်နေ့ (တပေါင်းလပြည့်နေ့) အထိ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

51