မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်အတွက် တောင်သူဦးရေ ၂,၀၀၀ ကျော်ကို ကျပ် သိန်း ၉,၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။ထိုကဲ့သို့ ထုတ်ချေးပေးရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲ ၈ ခုတို့မှ ဆောင်းသီးနှံများဖြစ်သည့် စပါး၊ ဂျုံ၊ ကုလားပဲ၊ ပဲယဉ်း၊ ပဲတီစိမ်းနှင့် နေကြာ စသည်တို့ကို စိုက်ပျိုးကြသည့်ကျေးရွာ အုပ်စု ၆၇ အုပ်စုမှ တောင်သူဦးရေပေါင်း ၂၀၂၄ ဦး၏ စုစုပေါင်း စိုက်ဧက ၈,၇၅၅ ဧက အတွက် ငွေကျပ် ၉,၁၄၁ သိန်း ကို ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း သိရသည်။



