back

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အစ္စရေး ဖိုက်တာနှင့် လာမည့် (၂၀)ရက်နေ့ ထိုးသတ်မည်

Feb 10 • 3:22 AM

breaking-news

Myanmar

Kayah

cover

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အစ္စရေး ဖိုက်တာနှင့် လာမည့် (၂၀)ရက်နေ့ ထိုးသတ်မည်

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ONE Championship (၄)ပွဲမြောက် ပွဲစဥ်အဖြစ် အစ္စရေးဖိုက်တာ ရှီရာ ကိုဟန် နှင့် လာမည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြေ...

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ONE Championship (၄)ပွဲမြောက် ပွဲစဥ်အဖြစ် အစ္စရေးဖိုက်တာ ရှီရာ ကိုဟန် နှင့် လာမည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။အဆိုပါ ပွဲကို ONE Friday Fight 143 ပွဲစဥ်တွင် ပါဝင်ထိုးသတ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း (၁၉၅)နိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ဘရော်နီကာနှင့်ထိုးသတ်မည့် အစ္စရေးဖိုက်တာ ရှီရာ ကိုဟန်သည် ONE Championship တွင် (၃)ပွဲ ကစား (၃)ပွဲနိုင်ထားပြီး ရှုံးပွဲမရှိ ရလာဒ်ကို ရရှိထားသူဖြစ်သည်။ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ONE Championship တွင် (၃)ပွဲကစား (၂)ပွဲနိုင် (၁)ပွဲ ရှုံး ရလာဒ်ရရှိထားသည်။

news-view-count-icon

45