သရုပ်ဆောင် ကျော်ကျော်နန္ဒက အကယ်ဒမီပေးပွဲမှာ သူတပ်ထားတဲ့ စိန်ရင်ထိုးကြီးကျပျောက်ခဲ့တယ်လို့ ပြောလာပါတယ်။ အကယ်ဒမီပေးပွဲကို လာတာနောက်ကျခဲ့တာရယ် စိန်ရင်ထိုးကြီးကျပျောက်တာကြောင့် စိတ်ထိခိုက်နေရကြောင်း ကျော်ကျော်နန္ဒကဆိုပါတယ်။ အနုပညာရှင်တွေဟာ လက်ဝတ်ဝက်စားတွေကို စပွန်ဆာရတနာတိုက်တွေမှ ဝတ်ဆင်ရတာဖြစ်ပြီး အပျောက်အရှရှိခဲ့ပါက တာဝန်ယူပေးရတာလည်းဖြစ်ပါတယ်။


