ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့ အဝင်အထွက် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ အလွန် ဆိုးရွားနေသဖြင့် မြို့ခံများ စိတ်ပျက်နေကြပြီး တာဝန်ရှိသူများက ထိရောက်စွာ အရေးယူပေးရန် လိုလားနေကြသည်။တန့်ယန်းမြို့၏ အထင်ကရ နေရာဖြစ်သော ရေပူစမ်းသို့ သွားရာ လမ်းတစ်လျှောက်တွင် ကားကြီး၊ ကားငယ်နှင့် ဆိုင်ကယ်များက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေကြခြင်းမှာ မြို့၏ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း မြို့ခံများက ဝေဖန်နေကြသည်။“ရေပူစမ်းသွားတဲ့ လမ်းမပေါ်မှာပဲ ပစ်နေကြတာ။ အဲဒီနေရာက အမှိုက်ပုံမဟုတ်ဘူး၊ လူနေရပ်ကွက်နဲ့ မြို့အဝင်အထွက် နေရာပါ။ ဘေးမှာလည်း ပရဟိတကျောင်းရှိတယ်။ အဲဒါကို ကားတွေနဲ့ အစီးလိုက် လာပစ်ကြတာ။ အမှိုက်တွေထဲမှာ ကလေးဒိုက်ပါတွေတင်မကဘူး၊ ဆေးထိုးအပ်တွေပါ ပါနေတယ်။ အနံ့ကလည်း တအားဆိုး တော့ ပရဟိတကျောင်းက ကလေးတွေရဲ့ ကျန်းမာရေးအတွက်ရော၊ လမ်းသွားလမ်းလာတွေ အတွက်ရော မကောင်းဘူး၊ အမြင်လည်း မသင့်တော်ဘူးလေ။ အမှိုက်ကို သတ်မှတ်ထားတဲ့ နေရာမှာပဲ သွား ပစ်စေချင်ပါတယ်” ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။
Feb 10 • 3:16 AM
Myanmar
Shan
Share
| 25 | 0 | 0 | 0 |


