back

ဆော်ဒီလိဂ်ကို ဆန္ဒပြနေတဲ့ စီရော်နယ်လ်ဒို အယ်လ်နာဆာအသင်းအတွက် ပြန်ကစားပေးဖွယ်ရှိ

Feb 10 • 3:08 AM

breaking-news

Myanmar

International

cover

ဆော်ဒီလိဂ်ကို ဆန္ဒပြနေတဲ့ စီရော်နယ်လ်ဒို အယ်လ်နာဆာအသင်းအတွက် ပြန်ကစားပေးဖွယ်ရှိ

ဆော်ဒီလိဂ်ပြိုင်ပွဲကို ဆန္ဒပြနေတဲ့ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အသင်းအတွက် ပြန်ကစားပေးဖွယ် ရှိနေပါတယ်။စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအပါအဝင် ဆော်ဒ...

ဆော်ဒီလိဂ်ပြိုင်ပွဲကို ဆန္ဒပြနေတဲ့ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အသင်းအတွက် ပြန်ကစားပေးဖွယ် ရှိနေပါတယ်။

စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအပါအဝင် ဆော်ဒီထိပ်တန်းလိဂ် လေးသင်းကို

၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တဲ့ Public Investment Fund (PIF) ရဲ့ စီမံခန့်ခွဲမှုအပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့တာဖြစ်တယ်။ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဘန်ဇီမာ

အယ်လ်အစ်တီဟတ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ရုတ်တရက် ပြောင်းရွှေ့ခဲ့မှုက

စီရော်နယ်လ်ဒိုကို ဒေါသထွက်စေခဲ့တာပါ။၎င်းဟာ ပြီးခဲ့တဲ့ ဆော်ဒီလိဂ်နှစ်ပွဲကို ဝင်ရောက်မကစားတာဟာ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးသားကြပါတယ်။နောက်ဆုံးပွဲဖြစ်တဲ့ အယ်လ်အစ်တီဟတ်နဲ့ပွဲမှာတော့ အယ်လ်နာဆာပရိသတ်တွေက စီရော်နယ်လ်ဒိုကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။အယ်လ်နာဆာအသင်းကလည်း စီရော်နယ်လ်ဒိုအနေနဲ့ သပိတ်မှောက်မှုကို ရပ်တန့်ပြီး အသင်းအတွက် ပြန်ကစားပေးဖို့ မျှော်လင့်နေပါတယ်။စီရော်နယ်လ်ဒိုအဖို့ အာမခံချက်တချို့ ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကာ လာမယ့်စနေနေ့ အယ်လ်ဖာတာနဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ဝင်ရောက်ကစားဖို့ ရှိပါတယ်။၎င်းဟာ အယ်လ်နာဆာအသင်းပွဲတွေမှာ ဝင်ရောက်ကစားမှုမရှိပေမဲ့ ပြီးခဲ့တဲ့အပတ်ကတည်းက အသင်းနဲ့အတူ ပုံမှန်လေ့ကျင့်မှု ပြုလုပ်နေပါတယ်။ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေက စီရော်နယ်လ်ဒိုရဲ့ဆန္ဒပြမှုဟာ လိဂ်ပြိုင်ပွဲနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။အယ်လ်နာဆာအသင်းမှာ တစ်နေ့ ပေါင် ငါးသိန်းလောက် ရနေတဲ့ စီရော်နယ်လ်ဒိုရဲ့ အခုလုပ်ရပ်အပေါ် အာဏာပိုင်တွေက

အံ့အားသင့်ခဲ့ပါတယ်ပြီးခဲ့တဲ့အပတ်က ၄၁ နှစ်ပြည့်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်သေးပြီး နွေရာသီမှာ စာချုပ်လျော်ကြေး ယူရို သန်း ၅၀ နဲ့ အသင်းက ထွက်ခွာခွင့် ရှိနေပါတယ်။



news-view-count-icon

29