ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများကြုံတွေ့ခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀၀ (ဆန်အိတ် ၁၀,၀၀၀) ကို ဖေဖော်ဝါရီ ၉ ရက်တွင် ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါလှူဒါန်းမှုကို မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဝါဆန်သာ ဆာမာရာဆင်ဟဲထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဤလုပ်ရပ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Feb 10 • 3:07 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


