စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အရက်မူးနေတဲ့ လူနှစ်ဦးက မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ဝင်တိုက်မိတာကြောင့် အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။မနေ့ ဖေဖော်ဝါရီ ၈ ရက်က တမူးမြို့၊ နာဂဘုရားကျောင်းအနီး အာရှလမ်းမကြီးပေါ်မှာ ဆိုင်ကယ်နဲ့ မျောက်ငိုသီး သယ်ဆောင်လာတဲ့ အမျိုးသမီးကို နောက်ကနေမှ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ဆိုင်ကယ်မောင်းနှင်သူ လူတစ်ဦးကို မြို့မရဲစခန်းမှာ ဖမ်းဆီးထားသော်လည်း ထိရောက်စွာ အရေးယူခြင်း ရှိ၊ မရှိကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။



