မြန်မာ့သနပ်ခါး UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ သေချာသလောက်ရှိနေတယ်လို့ ယူနက်စကိုတင်သွင်းရာမှာပါဝင်ဆောင်ရွက်ခဲ့တဲ့Myanmar Cultural Heritage Trust အဖွဲ့မှ သိရပါတယ်။သူတို့ဘက်က စိစစ်ရေးအဖွဲ့ Advisory body က ဘောင်ဝင်လို့ ထောက်ခံတယ်ဆိုရင်တော့ UNESCO စာရင်းဝင်ဖြစ်ဖို့ သေချာသလောက်ပဲလို့ ဖော်ပြထားပါတယ်။၂၀၂၅ခုနှစ် ၊ပြည်ထောင်စုနေ့ကတော့ တပို့တွဲ လပြည်နေ့ (မြန်မာ့သနပ်ခါးနေ့) နဲ့ တိုက်ဆိုင်နေတော့ "သွေးချင်းစုံလင် သနပ်ခါးသဘင်" Together Through Thanakhar ဆိုပြီး တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ သနပ်ခါးပွဲက်ု ကျင်းပခဲ့တာဖြစ်ပြီးမြန်မာ့သနပ်ခါး ယဥ်ကျေးမှုကို"UNESCO လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဥ်ကျေးမှု အမွေအနှစ်" စာရင်း သတ်မှတ်ရရှိရေးအတွက် UNESCO သို့ တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



