back

မြန်မာ ယူ-၁၆ အသင်းကို ဂျပန်နည်းပြ ကိုင်ဆုကီအမာနို ကိုင်တွယ်မည်

Feb 10 • 3:04 AM

breaking-news

Myanmar

Local

cover

မြန်မာ ယူ-၁၆ အသင်းကို ဂျပန်နည်းပြ ကိုင်ဆုကီအမာနို ကိုင်တွယ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲအတွက် ရည်ရွယ်၍ မြန်မာ ယူ-၁၆ အသင်းကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဂျပန်နိုင...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲအတွက် ရည်ရွယ်၍ မြန်မာ ယူ-၁၆ အသင်းကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ကိုင်ဆုကီအမာနို (Keisuke Amano) ကို တာဝန်ပေးအပ်လိုက်သည်။ အမာနိုသည် MFF ၏ အကယ်ဒမီကျောင်းများနှင့် လူငယ်ဖွံ့ဖြိုးရေးဒါရိုက်တာအဖြစ် (၂) နှစ်စာချုပ်ဖြင့် ခန့်အပ်ခံထားရသူဖြစ်ပြီး ယခုအခါ ယူ-၁၆ နည်းပြချုပ်ရာထူးကိုပါ ပူးတွဲတာဝန်ယူရမည်ဖြစ်သည်။ ၎င်းသည် ကာရှီမာအန်တလာအသင်းနှင့် တရုတ်နိုင်ငံတို့တွင် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆယ်စုနှစ်နှစ်ခုကျော် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသူဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၁၆ အသင်း၏ အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်းကို တာဝန်ပေးအပ်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

28