၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့၊ စင်ကာပူနိုင်ငံ Land Transport Authority (LTA) ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ -စင်ကာပူနိုင်ငံရဲ့ လမ်းမထက်မှာ လမ်းသွားလမ်းလာတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဖြစ်တဲ့ Active Mobility Enforcement Officers (AMEOs) တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လအတွင်းမှာတင် စည်းကမ်းဖောက်ဖျက်မှုပေါင်း ၃၉၁ မှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အထူးသဖြင့် Pedestrian Overhead Bridges (POBs) လို့ခေါ်တဲ့ လူကူးဂုံးကျော်တံတားတွေအပါအဝင် လူသွားလူလာများတဲ့ နေရာအနှံ့အပြားမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စည်းကမ်းနဲ့မညီတဲ့ လျှပ်စစ်စကူတာနဲ့ စက်ဘီးစတဲ့ ပစ္စည်းကိရိယာ ၅၇ ခုကိုလည်း သိမ်းဆည်းလိုက်ပါတယ်။အခုလို စည်းကမ်းမဲ့ မောင်းနှင်နေသူတွေကြောင့် အများပြည်သူ လမ်းလျှောက်ရာမှာ အန္တရာယ်မဖြစ်စေဖို့အတွက် အာဏာပိုင်တွေက ပြတ်ပြတ်သားသား ဆက်လက်အရေးယူသွားမှာပါ။ ဒါ့အပြင် Active Mobility Community Ambassador (AMCA) လို့ခေါ်တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူကူးကုန်ကျော်တံတားတွေကို ဖြတ်သန်းတဲ့အခါ စက်ဘီးစီးမဖြတ်ဘဲ လမ်းဆင်းတွန်းသွားကြဖို့ကိုလည်း လိုက်လံသတိပေး နှိုးဆော်နေပါတယ်။ ကောင်းမွန်တဲ့ စက်ဘီးစီးယဉ်ကျေးမှု ရှိလာဖို့ဆိုရင် စီးနင်းသူတိုင်းက တခြားသူတွေရဲ့ ဘေးကင်းရေးကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။
Feb 10 • 3:05 AM
Singapore
Local News
Share
| 7 | 0 | 0 | 0 |


