လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဝန်ကြီးချုပ်သုံးဦး ပြီးခဲ့သည့် သောကြာနေ့က ဖနွမ်းပင်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ရန် ကတိပြုခဲ့သည်။အဆိုပါအစည်းအဝေးကို လာအိုဝန်ကြီးချုပ် ဆုံဆေဆိုင်ဖန်ဒုံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဖန်မင်ချင်းနှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မနက်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။



