back

ဖယ်ရီကား မတော်တဆမှုများကြောင့် အလုပ်သမားများ သေဆုံးမှုများလာ

Feb 10 • 3:03 AM

breaking-news

Myanmar

Yangon

cover

ဖယ်ရီကား မတော်တဆမှုများကြောင့် အလုပ်သမားများ သေဆုံးမှုများလာ

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၌ စက်ရုံဖယ်ရီကား မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားကာ အလုပ်သမားများ သေဆုံးထိခိုက်မှု များပြားလာနေခြင်းကြောင့် ဘေးအန္တရာယ်ရှိသည...

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၌ စက်ရုံဖယ်ရီကား မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားကာ အလုပ်သမားများ သေဆုံးထိခိုက်မှု များပြားလာနေခြင်းကြောင့် ဘေးအန္တရာယ်ရှိသည့် ယာဉ်များဖြင့် ကြိုပို့ပေးပါက ငြင်းဆိုကြရန်နှင့် သက်ဆိုင်ရာသို့ တိုင်ကြားရန် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) က ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ၂၀၂၅ ခုနှစ်အတွင်း Lucky Paint၊ Ever Win နှင့် Sunlight စသည့် စက်ရုံဖယ်ရီများ မတော်တဆဖြစ်ပွားခဲ့သည့်အပြင်၊ ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း လှည်းကူးမြို့နယ်တွင် Lucky Point အထည်ချုပ်စက်ရုံဖယ်ရီ ယာဉ်တိုက်မှုဖြစ်ပွားကာ အလုပ်သမား (၄) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့သည်။

news-view-count-icon

31