တရုတ်နိုင်ငံ၏ မီးရထားလက်မှတ်ရောင်းချမှု ပလက်ဖောင်း 12306 မှ လက်ရှိကျရောက်နေသည့် နွေဦးပွဲတော် ခရီးသွားရာသီအတွက် လက်မှတ်ရောင်းချရမှုမှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီအထိ စုစုပေါင်း လက်မှတ်အစောင်ရေ သန်း ၁၄၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းထံမှ သိရသည်။နိုင်ငံလုံးဆိုင်ရာ မီးရထားကွန်ရက်သည် ဖေဖော်ဝါရီ ၆ ရက်၌ ခရီးသည်တင်ခရီးစဉ် ၁၂.၈၄၅ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ နေ့စဉ် ခရီးသည်ခရီးစဉ် အရေအတွက်မှာ ငါးရက်ဆက်တိုက် ၁၀ သန်းကျော် ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။ရက်ပေါင်း ၄၀ ကြာမြင့်သည့် အဆိုပါ ခရီးသွားရာသီတွင် နိုင်ငံတစ်ဝန်း၌ ဒေသဖြတ်ကျော် ခရီးသည်တင်ခရီးစဉ် ၉.၅ ဘီလီယံ စံချိန်တင်ရှိလာမည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏ စုစုပေါင်းအနက် ခရီးသည်တင်ခရီးစဉ် သန်း ၅၄၀ ခန့်အား တရုတ်နိုင်ငံ၏ မီးရထားဝန်ဆောင်မှုများက စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
Feb 10 • 3:03 AM
China
Local News
Share
| 10 | 0 | 0 | 0 |


