back

ပြုပြင်ပြောင်းလဲရေးဝါဒီ ထိုင်း လူငယ်နိုင်ငံရေးသမားများ နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်ခံရဖွယ်ရှိနေ

Feb 10 • 3:02 AM

breaking-news

Thailand

Local News

cover

ပြုပြင်ပြောင်းလဲရေးဝါဒီ ထိုင်း လူငယ်နိုင်ငံရေးသမားများ နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်ခံရဖွယ်ရှိနေ

ထိုင်းနိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် - NACC သည် ဖျက်သိမ်းခံထားရသည့် ရှေ့သို့ ချီပါတီ - Move Forward Party မှ လွှတ်တော်အမတ်ဟောင်း ၄၄ ဦးက...

ထိုင်းနိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် - NACC သည် ဖျက်သိမ်းခံထားရသည့် ရှေ့သို့ ချီပါတီ - Move Forward Party မှ လွှတ်တော်အမတ်ဟောင်း ၄၄ ဦးကို တရားရုံးချုပ်သို့ လွှဲပြောင်း တင်ပြလိုက်ပြီဖြစ်ရာ ယင်းမှာ အတိုက်အခံ ခေါင်းဆောင်များအား နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်ပင်ခံရသည်အထိ ဖြစ်လာနိုင်သည့် အခြေအနေဖြစ်သည်။ ၎င်းတို့သည် ဘုရင်ကိုစော်ကားမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် အဆိုပြုခဲ့မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူခံရခြင်း ဖြစ်သည်။ ယခုအရေးယူမှုတွင် ပါဝင်သူများအနက် လက်ရှိ ပြည်သူ့ပါတီ - People’s Party ခေါင်းဆောင် နတ်သာဖောင်၊ ဒုတိယခေါင်းဆောင် ဆရီကန်ညာ တန်စာကူးလ်နှင့် ရှေ့သို့ချီပါတီ ခေါင်းဆောင်ဟောင်း ဖီထာလင်ဂျာရွန်ရတ် တို့ကဲ့သို့ ထင်ရှားသော နိုင်ငံရေးသမားများ ပါဝင်နေသည်။ယင်းအမတ်ဟောင်း ၄၄ ဦးသည် ဥပဒေကြမ်းကို ပူးတွဲတင်သွင်းခြင်းဖြင့် ပြင်းထန်သော ကျင့်ဝတ်ဆိုင်ရာ ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း NACC က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။၎င်းတို့၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးသမားများ လိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများကို ဆန့်ကျင်နေသည်ဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။ဘုရင်အားစော်ကားမှုဆိုင်ရာဥပဒေ ဖြစ်သည့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ အပေါ် ပြင်ဆင်ရေး ဥပဒေကြမ်း တစ်ခုအား စုပေါင်း လက်မှတ် ရေးထိုးခဲ့ကြပြီးနောက် ယင်းလွှတ်‌တော်အမတ်များသည် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းကို ပြင်းထန်စွာ ချိုး‌ဖောက်သည် သို့မဟုတ် ယင်းစံနှုန်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွဲချက်တင်ခံခဲ့ရသည်။ယင်းအမှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

ထိုစဉ်က ဘုရင်ကို စော်ကားမှုဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုသည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြိုဖျက်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ခုံရုံးက ဆုံးဖြတ်ခဲ့သည်။အကယ်၍ တရားရုံးချုပ်က ယင်းအမှုကို လက်ခံစစ်ဆေးပါက အမှုတွင် ပါဝင်သည့် လက်ရှိ ပြည်သူ့ပါတီ အမတ်များသည် တရားစွဲဆိုမှု ကာလအတွင်း လွှတ်တော်တာဝန်များ ထမ်းဆောင်ခွင့် ယာယီ ရပ်ဆိုင်းခံရမည် ဖြစ်သည်။ ထို့ပြင် အပြစ်ရှိကြောင်း ချမှတ်ခံရပါက ရာထူးမှ ထုတ်ပယ်ခံရရုံသာမက နိုင်ငံရေးလုပ်ခွင့် ရာသက်ပန် ပိတ်ပင်ခံရသည်အထိ ပြစ်ဒဏ် ရင်ဆိုင်ရဖွယ် ရှိသည်။


news-view-count-icon

11