အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်မှ စတင်ခဲ့သည့် ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ မိုင်ပေါင်း ၂,၃၀၀ ရှည်လျားသော ငြိမ်းချမ်းရေးခြေလျင်ဒေသစာရီခရီးစဉ်သည် လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်အဆောက်အအုံ (U.S. Capitol) သို့ ရောက်ရှိပြီး ပြီးဆုံးတော့မည်ဖြစ်သည်။ ခရီးစဉ်အတွင်း မြို့အသီးသီးရှိ ဒေသခံများ၏ လှူဒါန်းပူဇော်မှုများကို ခံယူခဲ့သည့်အပြင်၊ ဘာသာရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စုပေါင်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး အေးခဲသောရာသီဥတုနှင့် ခက်ခဲသောလမ်းခရီးများကို ဖြတ်သန်းကာ ဗုဒ္ဓ၏မေတ္တာဝါဒကို လက်တွေ့ပြသခဲ့ကြကြောင်း သိရှိရပါသည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ အမေရိကန်နိုင်ငံတွင်း မိုင်ပေါင်း ၂,၃၀၀ ငြိမ်းချမ်းရေးဒေသစာရီ ခရီးစဉ် ပြီးဆုံးတော့မည်
Feb 10 • 3:02 AM
Myanmar
International
Share
| 33 | 0 | 0 | 0 |


