back

တရုတ်၌တည်းခိုခန်းတစ်ခုတွင် စပိုင်ကင်မရာတပ်ဆင်ထားမှုဖြင့် အမျိုးသားနှစ်ဦးဖမ်းဆီးခံရ

Feb 10 • 3:01 AM

breaking-news

China

Local News

cover

တရုတ်၌တည်းခိုခန်းတစ်ခုတွင် စပိုင်ကင်မရာတပ်ဆင်ထားမှုဖြင့် အမျိုးသားနှစ်ဦးဖမ်းဆီးခံရ

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ တန်ဖိုးနည်းတည်းခိုခန်းတစ်ခုတွင် လေအေးပေးစက်ပြွန်အတွင်း စပိုင်ကင်မရာ လျှို့ဝှက်တပ်ဆင်ထားမှုဖြင့် အသက် ၂၃ နှစ်နှင့် ...

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ တန်ဖိုးနည်းတည်းခိုခန်းတစ်ခုတွင် လေအေးပေးစက်ပြွန်အတွင်း စပိုင်ကင်မရာ လျှို့ဝှက်တပ်ဆင်ထားမှုဖြင့် အသက် ၂၃ နှစ်နှင့် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ အဆိုပါကင်မရာကို ဖေဖော်ဝါရီ ၂ ရက်က လာရောက်တည်းခိုသည့် အမျိုးသမီးနှစ်ဦးက စစ်ဆေးတွေ့ရှိရာမှ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူများထံမှ ရိုက်ကူးထားသည့် ရုပ်သံဖိုင်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ယင်းလုပ်ရပ်မှာ တည်းခိုခန်းပိုင်ရှင် သို့မဟုတ် ဝန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားမဝင် ရိုက်ကူးရေးပစ္စည်း အသုံးပြုမှုဖြင့် အရေးယူသွားမည်ဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် ဒေသအာဏာပိုင်များက ပတ်ဝန်းကျင်ရှိ ဟိုတယ်ပေါင်း ၁၀၀ ကျော်ကို လိုက်လံစစ်ဆေးခဲ့ပြီး ခရီးသွားများအနေဖြင့် တည်းခိုခန်းများရှိ လေအေးပေးစက်နှင့် ပလပ်ပေါက်များကို အမြဲမပြတ် သတိထားစစ်ဆေးရန် တိုက်တွန်းထားပါသည်။

news-view-count-icon

9