ရခိုင်ပြည် မြောက်ဦးမြို့နယ်က ရှေးဟောင်း ဘုရားပုထိုးများကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း သိနေသော်လည်း ငွေကြေးနှင့် နည်းပညာမရှိ၍ ထိန်းသိမ်းရေးလုပ်ငန်းများမှာ အခက်အခဲဖြစ်နေရကြောင်း အာရက္ခ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြောက်ဦးဒေသရှိ ရှေးဟောင်းဘုရားပုထိုးစေတီများမှာ နှစ်ကာလကြာမြင့်လာသည့်နှင့်အမျှ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိနေပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများမှာ သေချာလုပ်ဆောင်ရန် လိုအပ်နေကြောင်း အဆိုပါ တာဝန်ရှိသူ ပြောသည်။အမည်မဖော်လိုသည့် သျှစ်သောင်းဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးက "ဘုရားပုထိုးတွေမှာ အပျက်စီးတွေက တစ်စတစ်စ များလာတာတွေတော့ရှိတယ်။ မနှစ်က အက်ကွဲကြောင်း အသေးလေးတွေ့လိုက်ရင် ဒီနှစ် အဲ့ဒီကွဲကြောင်းက ပိုကြီးလာတာမျိုးပေါ့။ ဒီလိုဖြစ်နေတာကို ပြင်ချင်ပေမယ့် ပိုက်ဆံရရင်လည်း ဒီအတိုင်းပြင်လိုက်လို့က မဖြစ်ပြန်ဘူးလေ။ ဒါက ပညာရှင်တွေနဲ့ သေချာ စနစ်တကျလုပ်ရမှာဆိုတော့ အစိုးရက လုပ်မှပဲရမယ်" ဟု ပြောသည်။
Feb 10 • 3:01 AM
Myanmar
Rakhine
Share
| 46 | 0 | 0 | 0 |


