back

ရှမ်းပြည်နယ်၊နောင်တောင်း ပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော်များ ရပ်စောက်မြို့နယ်အတွင်း ဆွမ်းဆန်စိမ်း အလှူခံကြွရောက်

Feb 10 • 3:00 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊နောင်တောင်း ပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော်များ ရပ်စောက်မြို့နယ်အတွင်း ဆွမ်းဆန်စိမ်း အလှူခံကြွရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းမှ သံဃာတော်များသည် ရပ်စောက်မြို့နယ် ဆတ်သေ မြေမဲ ကျေးရ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးကျောင်းမှ သံဃာတော်များသည် ရပ်စောက်မြို့နယ် ဆတ်သေ မြေမဲ ကျေးရွာတွင် ဆွမ်းဆန်စိမ်း အတွက် ဖေဖေါ်ဝါရီလ ၉ ရက်နေ့၌ အလှူခံ ကြွရောက်လာကြောင်း သိရသည်။ဒေသခံ မိဘပြည်သူများမှ ဆန် ဆီ ပဲအမျိုးမျိုး နှင့် ဒေသထွက် သီးနှံများ လောင်းလှူ ကုသိုလ်ယူကြပြီး နေ့လယ်ပိုင်းတွင် မြေမဲရွာ ရွာဦးကျောင်းတိုက်တွင် တရားတော်နာယူခဲ့ကြကြောင်း သိရှိရသည်။နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရှမ်းပြည်တောင်ပိုင်းအတွင်းရှိ လူငယ်များ၏ ပညာရေးအတွက် အားကိုးအားထားပြုရာ ကျောင်းတော်ကြီးဖြစ်ပြီး ကျောင်းသားကျောင်းသူ ဦး‌ရေ ထောင်ချီ ပညာသင်ကြားရာ နေရာဖြစ်ကြောင်း သိရှိရသည်။

news-view-count-icon

61