လူဦးရေထူထပ်များပြားသည့် ရန်ကုန်မြို့တွင် ပုဂ္ဂလိက မိလ္လာရေဆိုးသန့်ရှင်းရေးဝန်ဆောင်မှု လုပ်ငန်းများ တွင်ကျယ်ကာပိုများလာပြီး အဖွဲ့လိုက်ဝန်ဆောင်မှုများရှိသလို တစ်ဦးချင်းဝန်ဆောင်မှုပေးနေသူများလည်း ရှိနေကြောင်း မိလ္လာကန်သန့်ရှင်းရေးနှင့် အထွေထွေဝန်ဆောင်မှုလုပ်ကိုင်သူများက ပြောသည်။စျေးနှုန်းများမှာ အမြန်ရောက်ဝန်ဆောင်မှု၊ မိလ္လာအရည်စုပ်ထုတ်ရန် ပိုက်အရှည်လိုအပ်ချက်၊ ဆယ်ထုတ်ရမည့် မိလ္လာအနယ်အနှစ်ပမာဏ အနည်းအများပေါ်မူတည်ပြီး ညှိနှိုင်းကာ ကျပ်တစ်သိန်းခွဲမှ ကျပ်သုံးသိန်းအထက် စျေးအမျိုးမျိုး ရှိပြီး အနယ်အနှစ်များကိုလည်း စက်အကူ၊ လူအကူများဖြင့် သေချာသန့်ရှင်းစေရန် ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။ “စျေးကတော့ ပုံသေမရှိဘူး၊ လုပ်ရမယ့် အနေအထားပေါ်မူတည်ပြီး အိမ်ရှင်နဲ့ ညှိတာပေါ့။ ဒီအလုပ်က ကျန်းမာရေးအရရော၊ အလုပ်သဘောအရပါ ပင်ပန်းဆင်းရဲတဲ့အတွက် အလုပ်သမားခက တခြားအလုပ်တွေထက် ပိုရတယ်။ ဒီတော့ လုပ်ဖြစ်ကြတာပဲ။ ပင်ပန်းတာကတော့ တော်တော်ပင်ပန်းတယ်၊ အနယ်အနှစ်ဆယ်ရတဲ့အခါမျိုး ပိုဆိုးတာပေါ့။ အသက်ရှုကျပ်ပြီး မလွယ်ဘူး။ ဒါပေမဲ့ အလုပ်ကလည်းရှားတော့ လုပ်ဖြစ်နေတာ”ဟု ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အတွင်း မိလ္လာကန်သန့်ရှင်းရေး ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။
Feb 10 • 2:53 AM
Myanmar
Yangon
Share
| 48 | 0 | 0 | 0 |


