တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်း ဂက်ပ်ရောင်းဒေသ၌ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက အရေးပေါ်ဆင်းသက်ခြင်း လေ့ကျင့်မှု ပြုလုပ်နေသည့် AH-1S Cobra တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရဟတ်ယာဉ်မောင်းနှစ်ဦးလုံး သေဆုံးသွားကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်သည်။ အဆိုပါမတော်တဆမှုကြောင့် စစ်ဘက်က AH-1S ရဟတ်ယာဉ်များအားလုံး၏ ပျံသန်းမှုလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားပြီး အရေးပေါ်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ပျက်ကျရသည့်အကြောင်းရင်းကို ရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
Feb 10 • 2:51 AM
South Korea
Local News
Share
| 9 | 0 | 0 | 0 |


