back

မိုးယွန်းကြီးအင်း၌ ဆောင်းခိုငှက်မျိုးစိတ် (၅၇) မျိုးနှင့် ငှက်ကောင်ရေ သုံးသောင်းနီးပါး လာရောက်ကျက်စားနေ

Feb 10 • 2:54 AM

breaking-news

Myanmar

Bago

cover

မိုးယွန်းကြီးအင်း၌ ဆောင်းခိုငှက်မျိုးစိတ် (၅၇) မျိုးနှင့် ငှက်ကောင်ရေ သုံးသောင်းနီးပါး လာရောက်ကျက်စားနေ

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ် (၅၇) မျိုး၊ ကောင်ရေ (၂၉,၀၀၀) ကျော် လာရ...

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ် (၅၇) မျိုး၊ ကောင်ရေ (၂၉,၀၀၀) ကျော် လာရောက်ကျက်စားလျက်ရှိပြီး ယခုနှစ်တွင် ငှက်မျိုးစိတ်အသစ်ဖြစ်သော "ရေငုံး" မျိုးစိတ်နှစ်မျိုးကိုပါ ထူးခြားစွာ တွေ့ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့မြောက်ဝါရိုးစွန်းဒေသများ အေးခဲချိန်တွင် မြန်မာနိုင်ငံသို့ အောက်တိုဘာလမှ စတင်ဝင်ရောက်လာသည့် အဆိုပါငှက်များသည် မိုးယွန်းကြီးအင်း၏ ကောင်းမွန်သော ရေဝပ်ဒေသဂေဟစနစ်ကြောင့် နှစ်စဉ်လာရောက်နားခိုကြခြင်းဖြစ်ပြီး ခရုတုတ်၊ ဘဲရစ်နှင့် တောဝမ်းဘဲ စသည့်ငှက်များကို အများဆုံးတွေ့ရှိရကာ မတ်လနှင့် ဧပြီလများတွင် ၎င်းတို့ဒေသသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

59