back

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

Feb 10 • 2:49 AM

breaking-news

Myanmar

Shan

cover

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဖေဖော်ဝါရီ ၈ ရက်က အင်းလေးကန်သို့ သွားရောက်စဉ် ကန်မတိမ်ကောစေရေးနှင့် သဘာဝပတ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဖေဖော်ဝါရီ ၈ ရက်က အင်းလေးကန်သို့ သွားရောက်စဉ် ကန်မတိမ်ကောစေရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ဝန်ကြီးက ကန်ရေပြင်နှင့် ရေလမ်းကြောင်းတစ်လျှောက် ဗေဒါနှင့် ကျွန်းမျောဟောင်းများ ဖယ်ရှားခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန် မှာကြားခဲ့ပြီး၊ အင်းလေးကန်အတွင်း နုန်းများ တိုက်ရိုက်ဝင်ရောက်မှုကို ကာကွယ်ရန် တည်ဆောက်ထားသည့် နဒီကန်နှင့် သာစည်ကန် နုန်းစစ်ကန်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဆယ်ယူရရှိသော နုန်းများကို တောင်သူများ၏ စိုက်ပျိုးမြေများတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

26