back

ထွန်းမင်းနိုင် (ဆူလိုင်မန်) မွေထိုင်းတွင် အလဲထိုးဖြင့် အနိုင်ရပြီး စည်သူဖြိုး ခွန်ခမာတွင် အမှတ်ဖြင့် ရှုံးနိမ့်

Feb 10 • 2:48 AM

breaking-news

Myanmar

Local

cover

ထွန်းမင်းနိုင် (ဆူလိုင်မန်) မွေထိုင်းတွင် အလဲထိုးဖြင့် အနိုင်ရပြီး စည်သူဖြိုး ခွန်ခမာတွင် အမှတ်ဖြင့် ရှုံးနိမ့်

မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်သည် ဖေဖော်ဝါရီ ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇာဒမ်နန်အားကစားရုံ၌ ကျင်းပသည့် RWS မွေထိုင်းပြိုင်...

မြန်မာ့ရိုးရာလက်ဝှေ့သမား ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်သည် ဖေဖော်ဝါရီ ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇာဒမ်နန်အားကစားရုံ၌ ကျင်းပသည့် RWS မွေထိုင်းပြိုင်ပွဲတွင် မော်ရိုကိုဖိုက်တာ ဟီချမ်ဘူလာရီကို ဒုတိယအချီ၌ ဒူးပျံတိုက်ချက်ဖြင့် အလဲထိုးကာ အနိုင်ရရှိခဲ့သည်။ ၎င်းသည် RWS ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ထိုးသတ်ခြင်းဖြစ်သော်လည်း အောက်ခြေခတ်ချက်များနှင့် ဒူးတိုက်ချက်များကို ထိရောက်စွာ အသုံးပြုကာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း မြန်မာလူငယ်ဖိုက်တာ စည်သူဖြိုးသည် ဖေဖော်ဝါရီ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် ခွန်ခမာ (၅၁) ကီလိုတန်းပြိုင်ပွဲတွင် အိမ်ရှင်ဖိုက်တာကို သုံးချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

33