မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စိုက်ပျိုးစရိတ်သက်သာစေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) က ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်အတွက် ကျေးရွာအုပ်စု ၆၇ အုပ်စုမှ တောင်သူ ၂,၀၂၄ ဦးအား စုစုပေါင်းချေးငွေ ၉,၁၄၁ သိန်း ထုတ်ချေးပေးထားကြောင်း သိရသည်။ အဆိုပါချေးငွေကို ဘဏ်ခွဲ ၈ ခုမှတစ်ဆင့် စပါး၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် နေကြာ စသည့်သီးနှံစိုက်ဧက ၈,၇၅၅ ဧကအတွက် ထုတ်ချေးပေးခြင်းဖြစ်ပြီး၊ ချေးငွေနှုန်းထားမှာ စပါးနှင့် ဂျုံအတွက် တစ်ဧက ၁၅၀,၀၀၀ ကျပ်နှင့် အခြားသီးနှံများအတွက် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် နှစ်စဉ်အတိုးနှုန်း ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းရှိ တောင်သူ ၂,၀၀၀ ကျော်အား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း ၉,၀၀၀ ကျော် ထုတ်ချေး
Feb 10 • 2:47 AM
Myanmar
Mandalay
Share
| 24 | 0 | 0 | 0 |


