မြန်မာနိုင်ငံရှိ တရုတ်မျိုးနွယ်စု အသင်းအဖွဲ့ ၁၄ သင်း စုပေါင်း၍ ၂၀၂၆ ခုနှစ်၊ တရုတ်ရိုးရာနှစ်သစ်ကူး ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ တရုတ်သံရုံး သံမှူးကြီး Mr. Jia Junjie နှင့် တရုတ်-မြန်မာချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးတို့က နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်စေရန်နှင့် တရုတ်မျိုးနွယ်စုများ ကဏ္ဍစုံအောင်မြင်ပါစေကြောင်း ဆုတောင်းစကားများ ပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံအတွက် ကောင်းချီးမင်္ဂလာများ ရရှိစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါပွဲတွင် တရုတ်မျိုးနွယ်စု အသင်းအဖွဲ့များက ရိုးရာအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ တရုတ်မျိုးနွယ်စုများ၏ ၂၀၂၆ ခုနှစ် ရိုးရာနှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနား ရန်ကုန်၌ ကျင်းပ
Feb 10 • 2:46 AM
Myanmar
Yangon
Share
| 146 | 0 | 0 | 0 |


