back

ဘာပေက စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်မယ့်သူလို့ အာဘီလိုအာ ချီးကျူး

Feb 10 • 2:45 AM

breaking-news

Myanmar

International

cover

ဘာပေက စီရော်နယ်လ်ဒိုလို စွမ်းဆောင်နိုင်မယ့်သူလို့ အာဘီလိုအာ ချီးကျူး

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ အာဘီလိုအာက ပြင်သစ်တိုက်စစ်မှူး ကီလီယန်ဘာပေသည် အသင်း၏ ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုကဲ့သို့ပင် ထူးကဲသော စွမ်းဆောင်ရည်များကို ပြ...

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ အာဘီလိုအာက ပြင်သစ်တိုက်စစ်မှူး ကီလီယန်ဘာပေသည် အသင်း၏ ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုကဲ့သို့ပင် ထူးကဲသော စွမ်းဆောင်ရည်များကို ပြသနိုင်သူဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်သည်။ ဘာပေသည် ဗလင်စီယာကို အနိုင်ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ယခုရာသီ ပြိုင်ပွဲစုံတွင် (၃၁) ပွဲကစား၊ (၃၈) ဂိုးအထိ ရရှိထားကာ ပြီးခဲ့သည့်ရာသီက သွင်းဂိုးမှတ်တမ်းကို ကျော်ဖြတ်ရန် နီးစပ်နေပြီဖြစ်သည်။ နောက်ဆုံး (၆) ပွဲဆက်တိုက် ဂိုးသွင်းယူထားသည့် ဘာပေကို အာဘီလိုအာက လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး၊ စီရော်နယ်လ်ဒို၏ ဂိုး (၄၅၀) စံချိန်နှင့် ကွာဟချက်ရှိနေသေးသော်လည်း ဘာပေသည် ထိုလမ်းကြောင်းအတိုင်း အောင်မြင်မှုများ ရယူနိုင်မည့်သူဖြစ်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်ပါသည်။

news-view-count-icon

30