back

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တွင် တံတိုင်း တည်ဆောက်မည်ဟု အနုတင် ကြွေးကြော်

Feb 10 • 2:43 AM

breaking-news

Thailand

Local News

cover

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တွင် တံတိုင်း တည်ဆောက်မည်ဟု အနုတင် ကြွေးကြော်

ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၉၃ နေရာဖြင့် အပြတ်အသတ်ဦးဆောင်နေသည့် ဘွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင်ချန်ဗီရာကူးလ်က ၎င်းအစိုးရဖွဲ့နိုင်ပါက ထိုင်း-က...

ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၉၃ နေရာဖြင့် အပြတ်အသတ်ဦးဆောင်နေသည့် ဘွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင်ချန်ဗီရာကူးလ်က ၎င်းအစိုးရဖွဲ့နိုင်ပါက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် စစ်တပ်၏စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အမျိုးသားရေးဝါဒကို ရှေ့တန်းတင်မဲဆွယ်ခဲ့သည့် အနုတင်က နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ထားရန် လိုအပ်သည်ဟု ယုံကြည်ကြောင်းနှင့် အင်အားတောင့်တင်းသည့် လူများစုအစိုးရတစ်ရပ်ကို ဖွဲ့စည်းလိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ လက်ရှိတွင် ၎င်း၏ပါတီသည် ပြိုင်ဘက် People’s Party နှင့် ဖွေထိုင်းပါတီတို့ကို ကျော်ဖြတ်ကာ အနိုင်ရရန် သေချာသလောက်ရှိနေပြီး၊ အစိုးရဖွဲ့ဖြစ်ပါက အဓိကဝန်ကြီးဌာနများတွင် လူဟောင်းများကိုသာ ပြန်လည်ခန့်အပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

17