၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကွန်၏ ဖူန်ကျိုင်ထိုင်းပါတီက လွှတ်တော်အမတ်နေရာ ၁၉၃ နေရာဖြင့် မဲအများဆုံးရရှိကာ ဦးဆောင်နေကြောင်း ရွေးကောက်ပွဲကော်မရှင်၏ (ဖေဖော်ဝါရီ ၉ ရက်) ထုတ်ပြန်ချက်အရ သိရသည်။ မဲရေတွက်မှု ၉၅ ရာခိုင်နှုန်းပြီးစီးချိန်တွင် People's Party က ၁၁၈ နေရာဖြင့် ဒုတိယ၊ ဖုယာ့ထိုင်းပါတီက ၇၄ နေရာဖြင့် တတိယနှင့် ကလာ့ထမ်ပါတီက ၅၈ နေရာဖြင့် စတုတ္ထနေရာတွင် အသီးသီးရပ်တည်နေသည်။ ပါတီဦးဆောင်မှုရလဒ်ကြောင့် ထောက်ခံသူများ အောင်ပွဲခံလျက်ရှိရာ ယင်းတို့အနက် ထိုင်းရောက်တရားမဝင်မြန်မာလုပ်သားများကို ဖမ်းဆီးပြည်နှင်ရန် လှုံ့ဆော်လေ့ရှိသည့် "နှုတ်ခမ်းမွှေး" ဟု လူသိများသော ထိုင်းအမျိုးသားရေးလှုပ်ရှားသူလည်း ပါဝင်နေကြောင်း သိရှိရပါသည်။
Feb 10 • 2:42 AM
Thailand
Local News
Share
| 30 | 0 | 0 | 0 |


