ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့သစ်ရှိ မြို့ပြလျှပ်စစ်စွမ်းအားအာဏာပိုင် ၏ လေ့ကျင့်ရေးစင်တာအတွင်း (ဖေဖော်ဝါရီ ၉ ရက်) နံနက်ပိုင်းက အမိုးခုံးအဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ဘန်နာ-၂ ဆေးရုံသို့ ပို့ဆောင်ထားပြီး Poh Teck Tung ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသော်လည်း အဆိုပါနေရာမှာ နိုင်ငံပိုင်နယ်မြေဖြစ်သည်ဟုဆိုကာ တာဝန်ရှိသူများက ပြင်ပအဖွဲ့အစည်းများကို ဝင်ရောက်ခွင့်ကန့်သတ်ထားသည်။ လက်ရှိတွင် သက်ဆိုင်ရာဌာနများက အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
Feb 10 • 2:41 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


