ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်ကြယ်ပွင့် လမင်းယမားလ်သည် ဥရောပထိပ်သီးလိဂ် (၅) ခုသမိုင်းတွင် အသက် (၁၉) နှစ်မပြည့်မီ ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အသက် (၁၈) နှစ်အရွယ်သာ ရှိသေးသည့် ယမားလ်သည် ယခုတစ်ပတ် မာယော့ကာကို (၃-၀) ဖြင့် အနိုင်ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် လာလီဂါသွင်းဂိုး (၂၄) ဂိုး ရှိလာခဲ့ပြီး၊ မိုနာကိုနှင့် PSG တွင် ကစားစဉ် (၂၃) ဂိုးသွင်းခဲ့သည့် ဘာပေ၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယမားလ်သည် ဘာစီလိုနာကစားသမားဘဝ ပြိုင်ပွဲစုံတွင်လည်း (၅) ပွဲဆက်တိုက် ဂိုးသွင်းယူထားကာ စုစုပေါင်းသွင်းဂိုး (၄၀) ပြည့်မြောက်သွားပြီဖြစ်ရာ အသင်းသမိုင်းတွင် အသက်အငယ်ဆုံး ဂိုး (၄၀) ပြည့်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် လာမည့် ဇူလိုင်လမှသာ အသက် (၁၉) နှစ်ပြည့်မည်ဖြစ်သဖြင့် လာလီဂါပွဲစဉ်ပေါင်း (၁၅) ပွဲ ကျန်ရှိနေသေးရာ ၎င်း၏စံချိန်မှာ ထပ်မံမြင့်တက်လာရန် အခွင့်အရေးများစွာ ရှိနေကြောင်း သိရှိရပါသည်။
ဘာပေကိုကျော်ဖြတ်၍ ဥရောပထိပ်သီးလိဂ်များတွင် အသက် (၁၉) နှစ်မပြည့်ခင် ဂိုးအများဆုံးသွင်းသူအဖြစ် ယမားလ် စံချိန်တင်
Feb 10 • 2:40 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


