တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၏ "စိတ်ချင်းယှက် ယူနန်ပြည်နယ်အစီအစဉ်" အရ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ငွေကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိ နေစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများကို ဖေဖော်ဝါရီလ ၈ ရက်တွင် လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုတွင် ၉.၂၄ ကီလိုဝပ် (kW) ထုတ်လုပ်နိုင်သည့် ဆိုလာအချပ်ရေ ၈၀၊ ဘတ်ထရီ အင်ဗာတာ ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး၊ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများနှင့် အလှူရှင်ကိုယ်စားလှယ်များ တက်ရောက်ကာ ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုလှူဒါန်းမှုသည် ကျောင်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်မှ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 10 • 2:39 AM
Myanmar
Naypyidaw
Share
| 16 | 0 | 0 | 0 |


