ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်ရှိ ပင်ထောင် (၃) စက်မှုဇုန်ရှေ့ အဝေးပြေးလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက မြန်မာလုပ်သားများ တင်ဆောင်လာသည့် Isuzu ပစ်ကပ်ကားအပါအဝင် မော်တော်ယာဉ် ၄ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၈ ဦး တင်ဆောင်လာသော ပစ်ကပ်ကားက လမ်းကြောပြောင်းရန် ကြိုးပမ်းစဉ် နောက်မှလာသည့် ၁၈ ဘီးတွဲကားက အရှိန်ပြင်းစွာ ဝင်တိုက်မိခြင်းဖြစ်ပြီး၊ ၎င်းအရှိန်ဖြင့် ရှေ့ရှိ Mazda နှင့် Toyota ကားများကိုပါ ထပ်ဆင့်တိုက်မိခြင်းဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းအား ရဲစခန်းတွင် စစ်ဆေးလျက်ရှိကာ၊ ဒဏ်ရာရရှိသူများ၏ အထောက်အထားအခြေအနေပေါ်မူတည်၍ နောက်ဆက်တွဲ အခက်အခဲများ ရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ထားသည်။
ထိုင်းနိုင်ငံ စီရာချာတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကားအပါအဝင် ၄ စီးဆင့်တိုက်မှုဖြစ်ပွား၊ မြန်မာ ၁၈ ဦး ဒဏ်ရာရ
Feb 10 • 2:38 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


