ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်း၍ FIFA-MA Refereeing Course 2026 ဒိုင်လူကြီးသင်တန်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ တစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်ပြီး FIFA ဒိုင်လူကြီးသင်တန်းနည်းပြ Mr. Mohamad Rodzali Bin Yacob က သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၃ ဦးကို ပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲတွင် MFF ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးလှတင့်နှင့် FIFA နည်းပြတို့က အမှာစကားပြောကြားခဲ့ကြပြီး မြန်မာ့ဘောလုံးလောကရှိ ဒိုင်လူကြီးများ၏ အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 10 • 2:37 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


