back

ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း ဖွင့်လှစ်မည်

Feb 10 • 2:36 AM

breaking-news

Myanmar

Yangon

cover

ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း ဖွင့်လှစ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) သည် ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း (အမှတ်စဉ် ၁၉) ကို လာမည့်...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) သည် ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း (အမှတ်စဉ် ၁၉) ကို လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ပန်းပဲတန်းမြို့နယ်ရှိ သင်တန်းကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၅၀ ဦးအထိ လက်ခံသွားမည်ဖြစ်ကာ၊ တက်ရောက်လိုသူများအနေဖြင့် ဓာတ်ပုံ၊ ဘွဲ့ သို့မဟုတ် ဆယ်တန်းအောင်လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

news-view-count-icon

26