back

မြစ်ကြီးနားမြို့ ရေကြီးမှုကာကွယ်ရန် ဗလမင်းထင်တံတားအောက် သဲသောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

Feb 10 • 2:34 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့ ရေကြီးမှုကာကွယ်ရန် ဗလမင်းထင်တံတားအောက် သဲသောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

မိုးရာသီတွင် မြစ်ကြီးနားမြို့၌ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ဧရာဝတီမြစ်ရေကြီးရေလျှံမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်များတူးဖော်ပြီး...

မိုးရာသီတွင် မြစ်ကြီးနားမြို့၌ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ဧရာဝတီမြစ်ရေကြီးရေလျှံမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်များတူးဖော်ပြီး မြစ်ကြောင်းရှင်းလင်းခြင်းလုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ရေလမ်းကြောင်းကောင်းမွန်ရေးစီမံကိန်းကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သဲကျောက်တင်ယာဉ်များကြောင့် မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရန်နှင့် မြို့နေလူထုအား ထိခိုက်မှုမရှိစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် သတ်မှတ်တန်ချိန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများကို အလေးထားမှာကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

27