နေပြည်တော်တွင်၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ(၉)ရက်က
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ပထမနေ့ အစီအစဉ်များကို ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အသင်းဌာနချုပ်တွင် စတင် ကျင်းပရာ (၈၇)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်း အဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးက လည်းကောင်း၊ (၈၈)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ တင်သွင်း သည့် အလုပ်အမှုဆောင်အဖွဲ့၏ (၂၀၂၅)ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် များကို အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ ကလည်း ကောင်း၊ မန္တလေးငလျင်ကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ တင်မောင်လှိုင်က လည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ (၂၀၂၆-၂၀၃၀) မဟာဗျူဟာ ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်းကို အလုပ် အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်က လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့၏ (၂၀၂၅)ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် (၂၀၂၆)ခုနှစ် ဘဏ္ဍာရေး လျာထားချက်များ အတည်ပြုခြင်းနှင့် အတွင်း စာရင်းစစ်ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သတင်းအချက်အလက် ကာကွယ်ရေးဆိုင်ရာမူဝါဒ (Data Protection Policy)အား ရှင်းလင်း တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်းကို သတင်းအချက် အလက်စီမံခန့်ခွဲခြင်း နှင့် နည်း ပညာဆိုင်ရာ ယူနစ် ဌာနမှူး ဦးငြိမ်းချမ်းနောင်နောင်က လည်းကောင်း၊ စိတ်ပိုင်း၊ လူမှုပိုင်းဆိုင်ရာ အားပေး ကူညီမှု မူဘောင် (Mental Health and Psyhco Social Support Framework) အား ရှင်းလင်း တင်ပြခြင်းနှင့် အတည် ပြုချက်ရယူခြင်းကို ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်က လည်းကောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ များက မိမိတို့ ဒေသများအလိုက် လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အထွေထွေညှိနှိုင်း ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ပထမနေ့အစီအစဉ်များကိုညနေပိုင်းတွင်ပြီးမြောက်ခဲ့ပါသည်။



