ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့မှာရှိတဲ့ လေယာဉ်ကွင်းပြေးလမ်းအနားမှာ ယမန်နေ့ ညနေ၌ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။စစ်တွေလေယာဉ်ကွင်းပြေးလမ်းအနားက ခြုံနွယ်တောမှာ ဖေဖော်ဝါရီလ ၉ ရက်၊ ညနေ ၄ နာရီလောက်ကစပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။သက်ဆိုင်ရာက သွားရောက်မီးငြှိမ်းသတ်မှုကြောင့် အဲဒီမီးဟာ ညနေ ၆ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။“ဘယ်လိုကြောင့် လောင်တာတော့ လောလောဆယ်မသိရသေးဘူးဗျ။ မီးတော့ ငြိမ်းသွားပါပြီ”လို့ ပြောပါတယ်။
| 31 | 0 | 0 | 0 |


