ရခိုင်ပြည်၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိက အရေးပါသည့် အိန္ဒိယ မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ရခိုင်ပြည် ဒေသထွက်ကုန်များကိုပါ အိန္ဒိယနိုင်ငံသို့ တင်သွင်းခွင့် ရရှိရေး ရခိုင်ကုန်သည်များက မျှော်လင့်နေကြသည်။လက်ရှိတွင် အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ အခြေခံကုန်ပစ္စည်းများကို ကုန်သွယ်ခွင့် ရနေသော်လည်း ရခိုင်ဒေသ ထွက်ကုန်များကို တင်ပို့နိုင်ခြင်း မရှိဖြစ်နေပြီး ပို့ကုန်သွင်းကုန်များ အပြန်အလှန်အလှန် ပို့နိုင်ပါက နှစ်ဦးနှစ်ဘက် စီးပွားရေး အကျိုးဖြစ်ထွန်းမည့် အခြေအနေရှိကြောင်း ကုန်သည်များက ဆိုသည်။ယခုအခါ အိန္ဒိယနိုင်ငံကနေ ရခိုင်ကုန်သည်ရာနှင့်ချီသည် ဆေးဝါး၊ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန်များကို နေ့စဉ် ငွေကျပ်သိန်း သောင်းနှင့်ချီ ဝယ်ယူတင်သွင်းနေရသော်လည်း ရခိုင်ဘက်မှ ပို့ကုန်တင်ပို့နိုင်မှု မရှိဖြစ်နေသည်။



