စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ပိတ်ဆို့ ဟန့်တားမှုတွေကြောင့် ကုန်စည်အဝင် မရှိတော့ဘဲ ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာ ကန့်ဘလူမြို့မှာ ဆား တပိဿာ ၈၅၀၀ ကျပ်ဝန်းကျင်၊ ငါးပိ ၂၅ ကျပ်သားကို ၆ဝဝဝ ကျပ်ဝန်းကျင် ရောက်ရှိနေကာ လက်ရှိမှာတော့ ငါးပိအပါအဝင် ဆီ၊ ဆန်၊ ဆား အစရှိတဲ့ အခြေခံ စားသောက်ကုန်စည်တွေ ပြတ်လပ်နေပြီး ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။ဒါအပြင် ဒေသတွင်း လက်နက်ကိုင်တပ်တွေက တာဝါတိုင် ဖျက်စီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကန့်ဘလူမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းကစပြီး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့လည်း သိရပါတယ်။




