ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး၊ မြို့ရှောင်လမ်းမှာ ဖေဖော်ဝါရီ ၉ ရက် ည ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က ဂါလန် ၇၅၀၀ ဆံ့ ဆီဘောက်ဆာကားထဲဝင်ပြီး ဆီဂျိုးရှင်း လင်းရေးလုပ်တဲ့ အမျိုးသား ၂ ယောက် အောက်ဆီဂျင်ပြတ်ပြီး သတိမေ့နေတယ်လို့ သတင်းရရှိတာကြောင့် မှော်ဘီမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကူညီ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ည ၆ နာရီ ၅၅ မိနစ်မှာတော့ သေဆုံးသူအမျိုးသား ၂ယောက်ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်စုံလူမှုကူညီ ရေးအသင်းယာဉ်နဲ့ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



