တရုတ်နိုင်ငံ ဟိုင်ခိုမြို့တွင် ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဖြစ်သည့် တရုတ်ကစားသမား ဝမ်ချူချင်းက ဂျပန်ကစားသမား တိုမိုကာဇု ဟာရိမိုတိုကို ၄-၂ ပွဲဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။ ဟာရိမိုတိုက အားပါပြင်းထန်သော ရိုက်ချက်များဖြင့် ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီး သုံးပွဲကစားပြီးချိန်တွင် (၁၁-၉၊ ၈-၁၁၊ ၁၁-၇ မှတ်) ရရှိကာ ၂-၁ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဝမ်က အကြိတ်အနယ် ပြန်လည်ကစားကာ ၁၁-၅၊ ၁၁-၈၊ ၁၁-၆ မှတ်ဖြင့် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်ပရိသတ်များ ရှေ့မှောက်တွင် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့သည်။



