မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်ကစ၍ ဖြတ်သန်းသွားလာ၍ မရကြောင်း ကားသမားအချို့နှင့် ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။သရက်ချောင်းမြို့နယ် ဆင်ကျန်းကျေးရွာမှ ပလောက်အထိ လမ်းကြောင်းပိတ်ထားပြီး မြိတ်ဘက်ခြမ်းတွင်လည်း ကားလမ်းပိတ်ထားကြောင်း ကားသမားအချို့က ဆိုသည်။ကုန်ကားသမားတစ်ဦးကလည်း ကားလမ်းပိတ်ထားသည်မှာ နှစ်ရက်ရှိလာပြီဖြစ်ပြီး ကားသမားများနှင့် ကုန်ကားများ၊ ခရီးသည်များ လမ်းတွင် ပိတ်မိနေကြောင်း ပြောဆိုသည်။ကားလမ်းပိတ်ထားသဖြင့် ရေလမ်းကြောင်းမှ အမြန်ရေယာဉ်ဖြင့် ခရီးသည်များ၊ ကုန်များ ပို့ဆောင်နေကြကြောင်း အမြန်ရေယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။



